ဧဝရက်တောင်မှာ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ
ဧဝရက်တောင်မှာ ရဟတ်ယာဥ်နှစ်စင်းတိုက်မိ
ရေးသားခဲ့သည်။
နီပေါနိုင်ငံဘက်က ဧဝရက်တောင်ဒေသမှာ ခရီးသည်နဲ့ ကုန်ပစ္စည်းသယ်လာတဲ့ ရဟတ်ယာဥ်ငယ်နှစ်စင်း တိုက်မိလို့ လူတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒဏ်ရာရသူလည်း ရှိတယ်လို့ သိရပါတယ်။ အဲဒီဒေသမှာ တောင်တက်မယ့်ခရီးသွားတွေကို သယ်ပို့တာ၊ တောင်ပေါ်ကလူတွေကို ကယ်ထုတ်တာနဲ့ ခရီးသည်တွေအတွက် အရေးပေါ်ပစ္စည်းတွေပို့ပေးဖို့ ရဟတ်ယာဥ်တွေကို သုံးကြပါတဘ်။ ဒါပေမဲ့ တောင်ထူထပ်ပြီး ရဟတ်ယာဥ်ဆင်းဖို့နေရာ နည်းပါးတာ၊ ရာသီဥတုက ရုတ်တရက် ပြောင်းလဲသွားတတ်တာတွေကြောင့် လေကြောင်းခရီးကလည်း အန္တရာယ်များတတ်ပါတယ်။ •
#ဘီဘီစီမြန်မာပိုင်း #နီပေါ #ဧဝရက်တောင် #ရဟတ်ယာဥ်တိုက်မှု



