အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပ

ဗီဒီယို ပုံစာ, အမေရိကန် ပြည်ထောင်စုမှာ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပ
အမေရိကန်မှာ သက်တမ်းဝက် ရွေးကောက်ပွဲကျင်းပ
ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ သမ္မတသက်တမ်း နောက်ဆုံးနှစ်နှစ်ကို ပုံဖော်ပေးမယ့် သက်တမ်းဝက်ရွေးကောက်ပွဲမှာ အမေရိကန်ပြည်သူတွေ မဲပေးနေကြပါတယ်။ လက်ရှိမှာ ရီပတ်ဘလစ်ကန်ပါတီက အောက်လွှတ်တော်နဲ့ အထက်လွှတ်တော် နှစ်ရပ်စလုံးကို ထိန်းချုပ်ထားပေမဲ့ ဒီမိုကရက်တွေက လွှတ်တော်နှစ်ရပ်စလုံးကို ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ နိုင်ငံတဝန်း မဲအပြတ်အသတ်မရှိတဲ့ အကြိတ်အနယ် ပြိုင်ဆိုင်ရမယ့် မဲဆန္ဒနယ်တွေ ရှိနေချိန်မှာ လူနေမှုစရိတ် မြင့်တက်နေတာက မဲဆန္ဒရှင်တွေအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေပါတယ်။ မြောက်အမေရိက သတင်းထောက် ရှိုင်မာ ခါလီလ်က အလက်စကာပြည်နယ်ကနေ ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။