အင်္ဂလန်အသင်း အီတလီ၊ ဥရုဂွေး၊ ကော်စတာရီကာတို့နဲ့ အုပ်စု D ကျ

ကမ္ဘာဖလား ဘောလုံးပွဲ အသင်းတွေ အုပ်စုခွဲပြီ
ဓာတ်ပုံ ပုံစာ, ကမ္ဘာဖလား ဘောလုံးပွဲ အသင်းတွေ အုပ်စုခွဲပြီ
ရေးသားခဲ့သည်။

၂၀၁၄ ဘရာဇီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ ပါ၀င်ယှဉ်ပြိုင်မယ့် နိုင်ငံအသင်း ၃၂ သင်းအတွက် အုပ်စုခွဲမှုတွေ ပြီးဆုံးသွားခဲ့ပါပြီ။

အင်္ဂလန်အသင်းဟာ Group D မှာ အီတလီ၊ ဥရုဂွေး၊ ကော်စတာရီကာတို့နဲ့ အတူကျလို့ အုပ်စုကျပ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အိမ်ရှင် ဘရာဇီးကတော့ Group A မှာ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်းတို့နဲ့ အတူ ကျပါတယ်။

၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံး အဖွင့်ပွဲစဉ်အဖြစ် ဘရာဇီးနဲ့ ခရိုအေးရှားတို့ ဇွန် ၁၂ ရက်နေ့မှာ ကစားမှာ ဖြစ်ပါတယ်။

Group G မှာ ဂျာမနီ ၊ ပေါ်တူဂီ ၊ အမေရိကန်နဲ့ ဂါနာ အသင်းတို့ အတူကျခဲ့ပါတယ်။