ဆီးရီးယားမှာ အစာရေစာ လိုအပ်နေ

syria
ဓာတ်ပုံ ပုံစာ, ဆီးရီးယားမှာ တိုက်ပွဲတွေကြောင့် စားနပ်ရိက္ခာ လိုအပ်မှုတွေ ဖြစ်နေ
ရေးသားခဲ့သည်။

ဆီးရီးယား နိုင်ငံမှာ လူပေါင်း ၃ သန်းလောက် စားနပ် ရိက္ခာ အကူ အညီတွေ လိုအပ် နေတယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေး အဖွဲ့ FAO က ပြောပါတယ်။

ဆီးရီးယား နိုင်ငံ အတွင်း အဆက်မပြတ် တိုက်ခိုက်နေကြတဲ့ အတွက် လူပေါင်း ၁ သန်းခွဲ ကျော်ကျော် လောက်ဟာ လာမယ့် ၃ လနဲ့ ၆ လလောက် ကာလ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

FAO ရဲ့ အစီရင်ခံစာ ထဲမှာ ကျေးလက် ဒေသတွေမှာ လူတော်တော် များများဟာ နဂို ဖြစ်နေပြီးသား ဒေသတွင်း မိုးခေါင် နေတဲ့ ပြဿနာ အပြင် နောက်ထပ်တိုးပြီး ဖြစ်လာတဲ့ တိုက်ပွဲ တွေကြောင့် စိုက်ပျိုးရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေမှာ ရောက်နေတယ်လို့ ဖော်ပြထားပါတယ်။