ဂါဇာ ကယ်ဆယ်ရေး သင်္ဘောတန်း စီးနင်းမှု ဆိုင်ရာ ကုလ သုံးသပ်ချက် ပေါက်ကြား

ကယ်ဆယ်ရေး အကူအညီတင် သဘော စီးနင်းမှုကို ကန့်ကွက် ဆန္ဒပြနေကြ
ဓာတ်ပုံ ပုံစာ, ကယ်ဆယ်ရေး အကူအညီတင် သဘော စီးနင်းမှုကို ကန့်ကွက် ဆန္ဒပြနေကြ
ရေးသားခဲ့သည်။

အစ္စရေးတွေ ပိတ်ဆို့ထားတဲ့ ဂါဇာဒေသထဲကို လူမှုကယ်ဆယ်ရေး အကူအညီတွေ ပို့ဆောင်ဖို့ သွားတဲ့ တူရကီ သင်္ဘော အုပ်စုကို အစ္စရေး စစ်တပ်က ဝင်ရောက် စီးနင်းခဲ့မှုမှာ အစ္စရေးက အင်အားအလွန်အကျွံ သုံးခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ သုံးသပ်ချက် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

New York Times သတင်းစာကို ပေါက်ကြားခဲ့တဲ့ ဒီအစီရင်ခံစာမှာ အစ္စရေး ရေတပ်က ဂါဇာကို ပိတ်ဆို့ ထားတာဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ဆိုထားပါတယ်။

အဲဒီတုန်းက အစ္စရေး စစ်တပ်ရဲ့ စီးနင်းတိုက်ခိုက်မှုကြောင့် တူရကီ ကယ်ဆယ်ရေး ဝန်ထမ်း ၉ယောက် သေဆုံးခဲ့ပါတယ်။

အစ္စရေးနဲ့ တူရကီကြား ပုံမှန် ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်အောင် အချိန်ပေးဖို့ အဲဒီ ကုလသမဂ္ဂရဲ့ ဒီအစီရင်ခံစာ ကို မထုတ်ပြန်သေးဘဲ ထားခဲ့ပေမယ့် အခုချိန်ထိ ဒီလို ဖြစ်မလာသေးဘဲ အစီရင်ခံစာကို မကြာခင် ထုတ်ပြန်တော့မှာ ဖြစ်ပါတယ်။