မြောက်ကိုရီးယားကို အရေးယူမဲ့အစီအစဉ် အမေရိကန်ထောက်ခံ

တောင်ကိုရီယားစစ်သင်္ဘော ပြန်ဆယ်
ဓာတ်ပုံ ပုံစာ, တောင်ကိုရီယားစစ်သင်္ဘော ပြန်ဆယ်
ရေးသားခဲ့သည်။

မြောက်ကိုးရီးယား အပေါ် တောင်ကိုးရီးယားဘက်က ကျယ်ကျယ် ပြန့်ပြန်အရေးယူပိတ်ဆို့မှု လုပ်တဲ့အပေါ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စက် ဟီလာရီ ကလင်တန်က ထောက်ခံ လိုက်ပါတယ်။

မြောက်ကိုးရီယား ဘက်ကနေ တောင်ကိုးရီးယား ရေတပ်သင်္ဘောကို တော်ပီဒိုဒုံးကျည်နဲ့တိုက်ခိုက် ခဲ့တယ်ဆိုပြီး တောင်ကိုးရီးယား ဘက်က အခုလို လုပ်တာပါ။

ပိတ်ဆို့မှုတွေထဲမှာ နှစ်နိုင်ငံ ကုန်သွယ်ရေးတွေကို ပိတ်ဆို့ရပ်တန့်တာ၊ တောင်ကိုးရီးယား ရေပိုင်နက်မှာ မြောက်ကိုးရီးယား သင်္ဘောတွေလာ ခွင့်ပိတ်တာ၊ နောက် ဒီကိစ္စ လုံခြံရေးကော်စီကို တင်တာ နဲ့ နယ်စပ် တလျောက် အစိုးရရဲ့ အခု ပိတ်ဆို့မှု မူဝါဒအသစ်တွေနဲ့ ပတ်သက်ပြီး ဝါဒဖြန့် ထုတ်လွှင့်ပြသတာတွေ ပါဝင်ပါတယ်။

တောင်ကိုးရီးယား သမတ လီမြောင်ဘတ်ရဲ့ ပိတ်ဆို့မှုတွေကို ထောက်ခံကြောင်း၊မြောက်ကိုးရီးယားရဲ့ ရန်လိုခြိမ်းခြောက်တဲ့ အပြုအမူကို ရပ်တန့်ဖို့ လုပ်ရမှာ ဖြစ်ကြောင်း၊အမေရိကန်အနေနဲ့လည်း ထပ်ပြီး ပိတ်ဆို့ အရေးယူမယ့် အကြောင်း မစ္စက်ကလင်တန်က တရုတ်နိုင်ငံမှာ ရောက်စဉ် ပြောခဲ့ပါတယ်။

တရုတ်ဘက်ကတော့ အခုချိန်ထိ မြောက်ကိုးရီးယားကို ဝေဖန်ပြောဆိုတာ မရှိသေးပေမယ့် အမေရိကန်ဘက်ကတော့ တရုတ်ဘက်က မြောက်ကိုးရီး ယားအပေါ် ပြင်းထန်တဲ့ ရပ်တည်ချက်တစ်ခုထားဖို့ လိုလားနေပါတယ်။

တောင်ကိုးရီးယားဘက်အရေးယူမှုတွေမှာ စောစောက ပြောသလို နယ်စပ်မှာ အသံချက်စက် လော်စပီတာ သုံးပြီး ကြေငြာတာတွေ လုပ်မယ်ဆိုရင်တော့ အဲဒီအသံချက်စက်တွေကို ဖျက်စီးမယ်လို့ မြောက်ကိုးရီးယားအစိုးရ ရုပ်မြင်သံကြားက ကြေငြာပါတယ်။