တာလီဘန် သူပုန်တွေကို အဓိက စစ်ဆင်ရေးစတင်

Afghanistan
ဓာတ်ပုံ ပုံစာ, ဒီစစ်ဆင်ရေးဟာ အိုဘားမား ဗျူဟာသစ်ရဲ့ အစိတ်အပိုင်း တရပ်လို့ဆို
ရေးသားခဲ့သည်။

အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန်သူပုန်တွေကို အမေရိကန်တပ်ဖွဲ့ တွေနဲ့ အာဖဂန် အစိုးရတပ်တွေက အဓိက စစ်ဆင်ရေးကြီးတရပ် စတင်ဆင်နွှဲ တိုက်ခိုက်နေပြီ ဖြစ်တယ်လို့ အမေရိကန်အရာရှိ တွေကပြောပါတယ်။

ဟဲလမန်း(Helmand) ပြည်နယ် မာဂျာ (Marjah) မြို့မှာရှိနေတဲ့ သူပုန်တွေကို စစ်သားတွေက ရဟတ်ယာဉ်တွေ အကူအညီနဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ အိုဘားမားက အာဖဂန်နစ္စတန်ကို နောက်ထပ် စစ်သား သုံးသောင်း စေလွှတ်ပြီးတဲ့နောက်ပိုင်း ဒါဟာ သူပုန်တွေထိမ်းချုပ်တဲ့ ဒေသကို သိမ်းပိုက်ဖို့ ပထမဆုံးအကြိမ် စစ်ဆင် တိုက်ခိုက်တာ ဖြစ်ပါတယ်။

ဒီစစ်ဆင်ရေးဟာ သမ္မတအိုဘားမားရဲ့ အာဖဂန်နစ္စတန်ဆိုင်ရာ မဟာဗျူဟာသစ်အတွက် အရေးပါတယ်လို့ ဝါရှင်တန် အခြေစိုက် ဘီဘီစီသတင်းထောက်က ပြောပါတယ်။