မြန်မာ့အရေး ကမ္ဘာ့အရေး
ရေးသားခဲ့သည်။
မိုင်ဂျာယံမှာ ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် မျက်နှာစုံ ညီအစည်းအဝေးမှာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်က တက်ရောက်ပြီး ၂၁ရာစု ပင်လုံညီလာခံကို တိုင်းရင်းတွေအားလုံးပါဝင်သင့်တယ်လို့ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
လက်ရှိ အနေအထားအရ ဒီညီလာခံကို အချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ တက်မတက် မဆုံးဖြတ် ရသေးတဲ့အတွက် တရုတ်ရဲ့အဆိုကို တိုင်းရင်းသားတွေ ဘယ်လောက် လက်ခံနိုင်မလဲ လက်မခံနိုင်ဘူးလဲဆိုတာ အေအယ်ပီ ရခိုင်ပြည် လွတ်မြောက်ရေးပါတီမှ ဒေါ်စောမြရာဇာလင်း သတင်းစာဆရာ စည်သူအောင်မြင့်နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး အင်စတိကျုမှာ ဉီးခွန်ဆိုင်းတို့ ပါဝင်ဆွေးနွေးထားပါတယ်။