အမေရိကန်မှာ အိန္ဒိယ အဘိုးတဦးကို အင်အားသုံး စစ်ဆေးတဲ့ ရဲကို အရေးယူဖို့ပြင်

ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက အလာဘားမားမှာ မနက်စောစော လမ်းလျှောက်ထွက်လာတဲ့ အိန္ဒိယလူမျိုး အဘိုးအိုတဦးကို အင်အားသုံးပြီး မြေပေါ်တွန်းလှဲပြစ်ခဲ့တဲ့ ရဲအရာရှိကို အာဏာပိုင်တွေက အရေးယူဖို့ ပြင်ဆင်နေတယ်လို့ဆိုပါတယ်။

အဲဒီအဖြစ်အပျက်ကြောင့် ဆူရက်ရှ် ဘိုင် ပါတဲလ်ဟာ ကိုယ်တပိုင်းသေတဲ့ဝေဒနာခံစားခဲ့ရပါတယ်။ ဒီလိုလုပ်ခဲ့တဲ့ ရဲအရာရှိအဲရစ်ပါကာ ဘက်ကတော့ သူ့အနေနဲ့ ဒီလိုဖြစ်လောက်အောင် မရည်ရွယ်ခဲ့တဲ့အကြောင်း ပြောပါတယ်။ လက်ရှိအချိန်မှာတော့ ရဲအရာရှိ အဲရစ်ပါကာရဲ့ အမှုကို မစစ်ဆေးရသေးပါဘူး။ မစ္စတာ ပါတဲလ်မိသားစုကတော့ နစ်နာကြေးတွေအတွက် တရားစွဲမယ်လို့ဆိုပါတယ်။ အကြောင်းစုံကို ကိုရင်မောင်က ပြောပြမှာပါ။