ဉာဏ်စမ်းပဟေဠိ အပိုင်း(၃) အဖြေ
ရေးသားခဲ့သည်။
ပြည်နယ်နဲ့တိုင်းဒေသကြီးတခုမှာ လူနည်းစု တိုင်းရင်းသားကိုယ်စားလှယ် ရွေးကောက်တင်မြှောက်နိုင်ဖို့ တိုင်းရင်းသား အရေအတွက် အနည်းဆုံး ဘယ်နှစ်ရာခိုင်နှုန်းရှိရမလဲ။
(က)၀.၀၁ ရာခိုင်နှုန်း
(ခ)၀.၁ ရာခိုင်နှုန်း
(ဂ)၁ ရာခိုင်နှုန်း
အဖြေမှန်။ (ခ)၀.၁ ရာခိုင်နှုန်း
အခြေခံဥပဒေ ပုဒ်မ (၁၆၁)အရ ပြည်နယ်နဲ့တိုင်းဒေသကြီးတခုမှာ လူနည်းစု တိုင်းရင်းသားအနည်းဆုံး ၀.၁ရာခိုင်နှုန်းနဲ့အထက်ရှိရင် အဲဒီသတ်မှတ်ထားတဲ့လူမျိုးအသီးသီးက လူမျိုးတမျိုးကို ကိုယ်စားလှယ်တဦး ရွေးကောက်တင်မြှောက်နိုင်ပါတယ်။