နောက်ဆုံး ရေးသားချိန် 22 ဇွန်လ 2011 - 17:45 GMT

ပြည်ပရောက် မြန်မာပညာရှင်တွေ ပြန်သင့်မသင့်

မီဒီယာ ပလေးယား

ြည်ပမှာ အခြေချ အောင်မြင်နေကြတဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံသားတွေ ကိုယ်နိုင်ငံ ကိုယ် ပြန် အလုပ်လုပ်ကြတာကို တွေ့နေရပါတယ်။

ဒီတော့ ပြည်ပရောက် မြန်မာပညာရှင်တွေ နိုင်ငံကို ပြန်ပြီး အလုပ်လုပ်သင့်တယ်လို့ သောတရှင်တွေ ယူဆပါသလား။

ဒီလို ပြန်လာ အလုပ်လုပ်နိုင်အောင် ဘယ်လို အခြေအနေတွေ ဖန်တီးပေးသင့်တယ်လို့ ထင်ပါသလဲ။

သောတရှင်တို့ရဲ့ အတွေးအမြင်တွေကို ဇွန်လ ၂၂ ရက် ဗုဒ္ဓဟူးနေ့ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြရာမှာ ဦးခင်မောင်ညို ဘောဂဗေဒ လည်းပါဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပြီး တခုခု ပြောလိုရင် ဘီဘီစီကို email နဲ့ဖြစ်စေ ဖုန်းနဲ့ဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။

burmese@bbc.co.uk ကို ဆယ်သွယ်နိုင်သလို တယ်လီဖုန်းနဲ့ဆိုရင် ၀၀၄၄၂၀၇ ၅၅၇ ၁၇၆၄ ကိုဆက်ပြီး ကိုယ်ပြောလိုတဲ့ အကြောင်းအရာ၊ ကိုယ်နေတဲ့ နိုင်ငံနဲ့ တယ်လီဖုန်း နံပါတ်ကို ပြောထားခဲ့ရင် ဘီဘီစီက ပြန်ဆက်သွယ်ပါမယ်။

အောက်ပါအကွက်ကို ဖြည့်ပြီးလဲ ပြန်ပို့နိုင်ပါတယ်။

Myanmar3 ဖောင့်နှင့် ကီးဘုတ် ဒီနေရာမှာ ရယူနိုင်ပါတယ်။

ဆက်သွယ်ရန်

* မဖြည့်မဖြစ် အကွက်တွေကို ပြနေပါတယ်

စာလုံးအရေအတွက်:0

အီးမေးနဲ့ ဆွေးနွေးကြသူများ

ကိုယ်.ပြည်တွင်းမှာ အဓိကပြုပြင်စရာတွေ တပုံကြီး။ ဘာမှလည်းမလုပ်ပဲနဲ့ Clean Government, Good Government ပြောလိုပြော။

ဒီလိုပုံစံမျိုးနဲ့ဆို ပညာရှင်ကိုမဆိုထားနဲ့ ထိုင်းနဲ့မလေးမှာရှိနေကြတဲ့ ဒုက္ခသည်တွေကိုပဲခေါ်ကြည့်ပါ။ ဘယ်သူမှမလာဘူး။ တဖက်နိုင်ငံမှာ အလုပ်ရှင်ကညစ်၊ အစိုးရကဖမ်းဆီးတယ်ဆိုတာတောင် ဒီကယခုအစိုးရသစ်ရဲ့ဒီမိုကရေစီစနစ်ထက်သာနေသေး တိုင်းပြည်မှာ လူငယ်တွေမရှိသလောက်ဖြစ်နေပါပြီ။

Spiderman

ပြည်ပရောက်မြန်မာကျောင်းသားကျောင်းသားတော်တော်များများဟာကျောင်းပြီးရင်မြန်မာနိုင်ငံကိုမပြန်ချင်တော့တာများပါတယ် မပြန်ချင်ရတဲ့အကြောင်းအရင်းတွေကတော့ (၁)လူအခွင့်အရေး၊ (၂)ခေတ်မှီဖွံဖြိုးတိုးတတ်မှု၊ (၃) လစာကောင်းမှု စတဲ့အကြောင်းအရင်းတွေကြောင့်မပြန်ချင်ကြတာများပါတယ်။

ဒါပေမဲ့မြန်မာနိုင်ငံကိုတရူတ်တို့အိန္ဒိယတို့လို ခေတ်မှီ တိုးတက်တာကို မြင်ချင်ရင်တော့ နိုင်ငံကိုပြန်သင့်တယ်လို.ထင်ပါတယ်..နေရိပ်ရဖို.နေပူကစောင့်ရပါလိမ့်မယ်။

အင်္ဂလန်မှာ ပညာသင်နေတဲ့ ကျောင်းသားတဦး

အင်တာနက်ကို အနှောင့်အယှက်မရှိ သုံးနိုင်မယ်၊ သင့်တင့်တဲ့ စျေးနှုံးနဲ့ သုံးလို့ရမယ်၊ မီးအချိန်ပြည့်ရရင် ပြန်ပါမယ်။

ဒေါ်ခင်မျိုးချစ် ဂျပန်

နိုင်ငံခြားရောက် မြန်မာ ပညာရှင်များ အစိုးရသစ်ဆိုတာကို ယုံကြည်တယ်ဆိုရင် ပြန်လာလိုက ပြန်လာနိုင်ပါတယ်။ ဒါပေမဲ.လက်ရှိကာလမှာ ပညာရှင်ကို တန်ဘိုးထားရမှန်း မသိသူတွေ တိုင်းပြည်ကို ဦးဆောင်နေတယ် ဆိုတာတော့. အသိပေး ချင်ပါတယ်။

နအဖ စစ်အစိုးရလက်ထက် ချမ်းသာလာတဲ.ငွေရှင်တွေအောက်မှာ ကိုယ်နဲ့မဆိုင်တာတွေ အခိုင်းခံရချင်တယ်ဆိုရင်တော့
အပြေးကလေးလာနိုင်ကြပါတယ်။

ပြည်တွင်းမှ မကေတီ

လူတိုင်းကို ဒုက္ခပေးနိုင်တဲ့ လက်ရှိဥပဒေတွေအောက်မှာ ဘယ်သူမှ အလုပ်မလုပ်ချင်ပါဘူး။

ပွင့်လင်း မြင်သာပြီး အုပ်ချုပ်မှုကောင်းရှိအောင် ပြုပြင်ပြင်ဆင်ရမယ်။

ဒါပေမဲ့ စစ်မှန်တဲ့ ပြည်သူ့ဆန္ဓမပါတဲ့ အခြေခံဥပဒေ အစိုးရနဲ့ ပါလီမန်အောက်မှာ ဒီလိုဖြစ်လာဖို့ မမြင်ပါ။

လန်ဒန်က ဆရာဝန်တဦး

BBC navigation

BBC © 2014ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။