NLD ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လိုမြင်ကြသလဲ

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မတရားတဲ့ ဥပဒေတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ
NLD ရဲ့ ဆုံးဖြတ်ချက်အပေါ် သောတရှင်တို့ ဘယ်လိုမြင်ကြပါသလဲ
NLD ဘာဆက်လုပ်ဖို့ မျှော်လင့်ထားကြပါသလဲ
ဒီလို NLD ရဲ့ဆုံးဖြတ်ချက်အပေါ် သောတရှင်တွေ ဆွေးနွေးခဲ့ကြရာမှာ သောတရှင်တွေနဲ့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်ပါဝင်ဆွေးနွေးခဲ့ပါတယ်
Email နဲ့ သဘောထားထုတ်ဖေါ်ခဲ့ကြသူတချို့ ရဲ့အမြင်တွေ
" NLD ရဲ့ အခုဆုံးဖြတ်ချက်ကြောင့် ရှေ့ဆက်ဖြစ်လာမယ့် ရလဒ်တွေက နအဖက ယခင်ကထက်ပိုဖိအားပေးမှုတွေ၊ NLD နဲ့ပတ်သက်သမျှ လူပုဂ္ဂိုလ်တွေရဲ့ မိသားစုဝင်တွေတင်မက ဆွေမျိုးတစုလုံးကိုပါ ဒုက္ခပေးတော့မှာပါ၊ ကျနော့သဘောထားက ပြည်တွင်း NLD ပါတီဝင်တွေ က တာန်ကျေပြီးသား၊ သူတို့ထက်ပိုပြီး တာဝန်ကျဖို့က ကျနော်တို့လို ပြည်ပကို ထွက်လာတဲ့ အင်အားစုတွေက ပုခုံးပြောင်းတာဝန်ယူသင့်ပါပြီ"
ကိုစိုးတင့် ထိုင်းနိုင်ငံ
" NLD ရွေးကောက်ပွဲမဝင်တာကို လက်ခံပေးပါတယ်၊ NLD လို ဖိနှိပ်ခံအဖွဲ့ကတောင် ကိုယ့်ယုံကြည်ရာကို ခိုင်ခိုင်မြဲမြဲ ကိုင်စွဲရင် အပေါ်စီးက စစ်တပ်ကလဲ လုံးဝအလျော့ပေးမှာ မဟုတ်ပါဘူး၊ ကြားကခံရတာက ပြည်သူတွေပါ၊ အခုတော့ ရွေးစရာ လူနည်းပြီပေါ့၊ NLD ကို ပြည်သူတွေ စီးပွါးရေး ထိခိုက်မဲ့ ပိတ်ဆို့မှုတွေကို မထောက်ခံဖို့ပဲ မေတ္တာရပ်ပါရစေ"
မျိုးချစ်သူ ရန်ကုန်