အလုပ်သမားအခွင့်အရေးတွေရအောင်ဘာလုပ်သင့်လဲ

ရေးသားခဲ့သည်။

အခုတလော မြန်မာနိုင်ငံ ရန်ကုန်မြို့က ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတချို့က အလုပ်သမားတွေ လုပ်ခတိုးပေးဖို့ အလုပ်သမား အခွင့်အရေးတွေ ရရှိဖို့ တောင်းဆို ဆန္ဒပြတာတွေ မကြာခဏ ကြားနေရပါတယ်။

အခုလို အလုပ်သမားတွေရဲ့ မကျေမနပ် ဆန္ဒပြမှုတွေ မဖြစ်ပေါ်အောင် ဘာလုပ်သင့်ပါသလဲ

အလုပ်သမားတွေရဲ့ အခြေခံရပိုင်ခွင့်တွေ ရရှိအောင် ဘယ်လိုလုပ်ပေးသင့်တယ်လို့ သောတရှင်တို့ ယူဆကြပါသလဲ

သောတရှင်တို့ရဲ့ အမြင်အတွေးတွေကို လာမဲ့ ဖေဖေါ်ဝါရီလ ၁၇ ရက် ည လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးခန်းမှာ သောတရှင်တွေနဲ့အတူ ပြည်ပအခြေစိုက် အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် မြန်မာနိုင်ငံရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှုး ဒေါက်တာ ဇော်ဝင်းအောင်၊ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မီတီမှ ဦးမြင့်ဝေတို့ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။

ဦးဘမော် စီစဉ်တင်ဆက် ထားပါတယ်။