ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီး ဒေါ်စုနဲ့ ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, AP
မြန်မာနိုင်ငံမှာ ရောက်ရှိ နေတဲ့ ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ် ဟာ သောကြာနေ့ မနက်ခင်းမှာ ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
အဲဒီ ဆွေးနွေးပွဲကို အန်အယ်ဒီ ပါတီ ဗဟို အလုပ်အမှုဆောင် ကော်မီတီဝင် တွေလည်း တက်ရောက်ကြ လိမ့်မယ်လို့ မစ္စတာဟိတ်ရဲ့ ခရီးစဉ်နဲ့ လိုက်ပါ သွားပြီး ရန်ကုန် မြို့မှာရောက် နေတဲ့ ဘီဘီစီ မြန်မာပိုင်း အစီအစဉ် အကြီးတန်း သတင်းထောက် ဦးမင်းထက်က ပြောပါတယ်။
နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ကြာသပတေးနေ့ တုန်းကတော့ ဝီလျံဟိတ် ဟာ မြန်မာသမ္မတ ဦးသိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ လွှတ်တော် အကြီးအကဲ တွေကို တွေ့ဆုံခဲ့ပါတယ်။
မြန်မာအစိုးရက သူတို့ရဲ့ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်တွေကို နောက်ပြန်မဆုတ်ဘူး လို့ဆိုခဲ့ပြီး ဗြိတိသျှအစိုးရ ကတော့ လက်တွေ့ ဆောင်ရွက်ချက် တွေကို ကြည့်ပြီး ဆုံးဖြတ်မယ်လို့ ပြောပါတယ်။
မစ္စတာ ဟိတ် ဟာ ကြာသပတေးနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ရန်ကုန် မြို့ကို လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ညစာ အတူစားခဲ့ ကြပါတယ်။
သောကြာနေ့မှာတော့ အန်အယ်ဒီ ခေါင်းဆောင်တွေ အပြင် လူရွှင်တော် ဇာဂနာ နဲ့ ၈၈ မျိုးဆက် ကျောင်းသား တွေကိုလည်း တွေ့ဆုံဖို့ ရှိပါတယ်။
ညနေပိုင်း မြန်မာနိုင်ငံက ပြန်မထွက်ခွာခင် ရွှေတိဂုံ ဘုရားကိုတည်း ဖူးမျော်မှာ ဖြစ်တယ်လို့ သိရပါတယ်။














