ဆလိုင်း တင်မောင်ဦး အထိမ်းအမှတ်ပွဲ ကျင်းပ

Tin Mg Oo
ဓာတ်ပုံ ပုံစာ, မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး
ရေးသားခဲ့သည်။

ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို ကြိုးမိန့်ပေးပြီး အသတ်ခံခဲ့ရတာ ၃၅ နှစ်မြောက် အထိမ်း အမှတ် အဖြစ် သူ့မိသားစုက ဦးဆောင်ပြီး ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ၊ ကျောင်သားဟောင်းတွေနဲ့ အတူ အောက်မေ့ဘွယ် အခန်းအနားတရပ်ကို ကနေဒါနိုင်ငံမှာ ဇွန်လ ၂၅ ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။

ကိုတင်မောင်ဦးဟာ ၁၉၇၄ အလုပ်သမား အရေး အခင်း၊ ၁၉၇၄ ဦးသန့် အရေး အခင်း၊ ၁၉၇၅ အလုပ်သမား အရေး အခင်း နှစ်ပတ်လည်၊ ၁၉၇၆ မှိုင်းရာပြည့် အရေး အခင်းမှာ ကျောင်းသား လှုပ်ရှားမှုတွေကို ဦးဆောင်ပါဝင်ခဲ့ပါတယ်။

ကိုတင်မောင်ဦးရဲ့ သူငယ်ချင်းဖြစ်သလို ရဲဘော်ရဲဘက် အဖြစ် နိုင်ငံရေး တွဲဘက် လှုပ်ရှားခဲ့သူ ဘီအယ်လ်စီ မြန်မာနိုင်ငံရှေ့နေများ ကောင်စီရဲ့ အတွင်းရေးမှူး ဦးအောင်ထူးက ကိုတင်မောင်ဦးဟာ နိုင်ငံရေး ခံယူချက် ပြတ်သားပြီး စစ်အစိုးရကို အညံ့မခံခဲ့သူ တယောက်လို့ ဆိုပါတယ်။

သူ့ကို ကြိုးမိန့်ပေးချိန်မှာ အယူခံ မဝင်ခဲ့သလို ကြိုးစင်ပေါ်မှာ နောက်ဆုံးစကား အဖြစ် "မင်းတို့ စစ်ဖိနပ်အောက်မှာ ဘယ်တော့မှ ဒူးမထောက်ဘူး" လို့ ရဲရဲတောက် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ကိုတင်မောင်ဦးနဲ့ အတူ ကျောင်းသားလှုပ်ရှားမှု မှာ ခေါင်းဆောင်ခဲ့သူ ကိုတင်မောင်ဦးရဲ့ နှမ အရင်း မလှမြိုင်ခေါ် မိုင်ပိုပိုတင် ကတော့ ကိုတင်မောင်ဦးကို စစ်အစိုးရက တိုးတိုးတိတ်တိတ် လျှို့ဝှက် သတ်ဖြတ်ခဲ့တာ ဖြစ်တဲ့ အတွက် သူ့ကို ခရစ်ယန်ဘာသာ ထုံးစံနဲ့အညီ စျာပန အခန်းအနား မလုပ်ခဲ့ရသေးလို့ အခုလို အောက်မေ့ဘွယ် အခန်းအနားကို ကျင်းပ ပြုလုပ်တာလို့ ဆိုပါတယ်။