ဒေါ်အောင်ဆန်း စုကြည် မဲပေးခွင့် ရရှိ
လာမယ့် ရွေးကောက်ပွဲ အတွက် မဲပေးပိုင်ခွင့် ရှိသူ နိုင်ငံသားများ ရဲ့ နောက်ဆက် တွဲ အမည်စာရင်း မှာဒေါ် အောင်ဆန်း စုကြည် နာမည် ကို ထည့်သွင်း ဖော်ပြထား တာ ကြောင့် မဲပေးခွင့် ရရှိ သွားပါပြီ။

သက်ဆိုင်ရာ ကော်မရှင်ရုံးတွေမှာ မဲပေးပိုင်ခွင့် ရှိသူတွေစာရင်းကို ထုတ်ပြန်ခဲ့တဲ့ တနင်္လာ နေ့ကတော့ ဗဟန်း မြို့နယ် မဲဆန္ဒ နယ်မြေ အတွက် ထုတ်ပြန်တဲ့ စာရင်း ထဲမှာ ဒေါ် အောင်ဆန်း စုကြည် နာမည် မတွေ့ခဲ့ရ ပေမဲ့ ဒီကနေ့ တော့ ပါလာတယ် လို့ ကိုယ်တိုင် သွား ကြည့် ခဲ့သူက ဘီဘီစီကို ပြန်ပြော ပါတယ်။
နဂိုက မပါဘဲ အခုမှ ဒေါ်အောင်ဆန်း စုကြည်ကို စာရင်းထဲ ပြန်ထည့်တာဟာ နိုင်ငံရေး အရ အသုံးချ လိုတဲ့ အတွက် ဖြစ်နိုင်တယ်လို့ သူ့ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက သုံးသပ် ပါတယ်။ အစိုးရ ထုတ်ပြန်ထားတဲ့ ဥပဒေ အရ ထောင်ဒဏ် ကျခံ နေရသူတွေ ဟာ မဲပေး ပိုင်ခွင့် မရှိတဲ့ အတွက် အခု ဒေါ်အောင်ဆန်း စုကြည် မဲပေးခွင့် ရတယ် ဆိုတာဟာ ဥပဒေ အရ မှားယွင်းတယ်လို့ လည်း ဦးဉာဏ်ဝင်းက ထောက်ပြ ပါတယ်။
နောက်ဆက်တွဲ စာရင်း အရ မဲပေးခွင့် ရှိသူ တွေထဲမှာ ဒေါ်အောင်ဆန်း စုကြည် အပြင် သူနဲ့ တစ်အိမ်ထဲ နေသူ ဒေါ်ခင်ခင်ဝင်းနဲ့ ဒေါ်ဝင်းမမ တို့လည်း ပါဝင်ပါတယ်။














