ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၁
- စစ်တပ် ပြုလုပ်တဲ့ အပိုင်း ၃ ရွေးကောက်ပွဲ တိုင်းနဲ့ပြည်နယ် ၉ ခုက မြို့နယ်ပေါင်း ၆၃ ခုမှာ ပြုလုပ်ဖို့ ကြေညာထားပေမဲ့ မံစီနဲ့ မိုးမောက်မြို့တွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်
- ရွေးကောက်ပွဲ အပိုင်း ၃ မှာ ရန်ကုန်တိုင်းထဲက မြို့နယ်ပေါင်း ၁၇ မြို့နယ်အထိ ပါဝင်
- မန္တလေးမြို့က မဲရုံတွေမှာ မဲလာထည့်သူနည်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်
- ရွေးကောက်ပွဲကို နိုင်ငံတကာ အသိအမှတ်ပြုတာ မပြုတာထက် လူထု မဲပေးတာကို အသိအမှတ်ပြုတယ်လို့ စစ်ခေါင်းဆောင်ပြော
- စစ်ခေါင်းဆောင် ရောက်နေတဲ့ မန္တလေးမြို့အပြင်က မတ္တရာ နဲ့ မင်းကွန်းကို စစ်တပ်က စစ်ကြောင်းထိုးနေ
- ရွေးကောက်ပွဲနေ့ ဖားကန့်မြို့ပေါ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေ လက်နက်ကြီးတွေနဲ့ ပစ်၊ စစ်တပ်က လည်း ပြန်ပစ်လို့ နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် စုစုပေါင်း အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာရ
- မြောက်ဦးမြို့မှာ ကလေးငယ်တွေ ဘောလုံးကစားနေရင်း မြောက်ဦးခေတ် ရှေးဟောင်း ငွေဒင်္ဂါးပြား ၁၅၀ ကျော်နဲ့ ရတနာအချို့တွေ့ရှိ

















